Lady Shan
အသင့်ချက် ဘာမားကလပ်စစ် ဒံပေါက်- Burma Classic Biryani (Serves 3)
အသင့်ချက် ဘာမားကလပ်စစ် ဒံပေါက်- Burma Classic Biryani (Serves 3)
Couldn't load pickup availability
အသင့်ချက်နိုင်သော Burma Classic ဒံပေါက် (3) ဦးစာ စားနိုင်ပါသည်။
ချက်ပြုတ်ပုံ
၁) ဆန်ကို သန့်စင်အောင် ဆေးကြောပြီး ရေစစ်ထားပါ။
၂) ပေါင်းအိုးထဲတွင် ထောပတ်နှင့်အရွက်ခေါက်များကို အနံ့များမွှေးလာသည်အထိ ဆီသတ်ပြီးလျှင် ရေစစ်ထားသောဆန်နှင့်မဆလာအရသာမှုန့်တို့ကိုထည့်မွှေပါ။
၃) ရေ ၆၀၀ မီလီလီတာ ထည့်ပြီး အဝတ်ပါးပါအုပ်ကာ အဖုံးအုပ်ပြီးတည်ထားပါ။
၄) ခွက်တစ်ခုထဲတွင် အရောင်မှုန့်ကို ရေလက်ဖက်စားဇွန်း (၄) ဇွန်းခန့်ဖြင့်ဖျော်ထားပါ။
၅) ပေါင်းအိုးမီးတတ်လာလျှင် ဖျော်ထားသော အရောင်ရေနှင့်ကြက်သွန်ကြော်တို့ကို တစ်ခြမ်းစီ ဖြူးထည့်ပြီး သီဟိုဌ်စေ့နှစ် စပျစ်ခြောက်တို့ကို ထည့်ကာ အမွှေပဲ အဖုံးပြန်အုပ်ပေးထားပါ။
၆) ၃ မိနစ်ခန့်ကြာလျှင် ညင်သာစွာမွှေပြီး အဖုံးပြန်ပိတ်ပါ။
၇) နောက်ထပ် ၂ မိနစ်ခန့်ကြာလျှင် အဆင်း၊အနံ၊ အရသာဖြင့် ပြည့်စုံသော ကိုယ်တိုင်ချက် ဒံပေါက်ပွဲလေးကို နှစ်သက်ရာ အသားဖြင့် သုံးဆောင်နိုင်ပါပြီ။
Net Wt. 410 g
