About Us
Burma Shop ဟာ အရည်အသွေးပြည့်ဝတဲ့ မြန်မာ့ရိုးရာပြည်တွင်းထုတ်ကုန်တွေကို ကမ္ဘာအနှံ့ ဖြန့်ဝေပေးနိုင်ဖို့ အကောင်းဆုံး ကြိုးပမ်းနေပါတယ်။
လက်ရှိမှာတော့ Burma Shop ရုံးချုပ်တွေကို ကနေဒါနဲ့ မြန်မာနိုင်ငံမှာ ထားရှိပြီး အရည်အသွေးမြင့် မြန်မာ့ထုတ်ကုန်တွေကို ကနေဒါတစ်နိုင်ငံလုံးရှိ ဝယ်ယူသူတွေဆီ အဓိကထား ရောင်းချပေးနေပါတယ်။
Burma Shop ရဲ့ ရည်မှန်းချက်ကတော့ ကနေဒါနိုင်ငံမှာ မြန်မာ့အစားအစာ ထုတ်ကုန်တွေနဲ့ ပတ်သက်လာရင် ဝယ်သူတွေအတွက် ယုံကြည်စိတ်ချရတဲ့ ကုန်စုံဆိုင် (Grocery Store) တစ်ခုအဖြစ် ရပ်တည်သွားနိုင်ဖို့ပါပဲ။
ဒါကြောင့် အိမ်ကိုလွမ်းနေကြတဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေအတွက် မိသားစုလက်ရာ အရသာကို ပြန်လည်အမှတ်ရစေမယ့် စစ်မှန်တဲ့ မြန်မာထုတ်ကုန်တွေနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ရိုးရာအစားအစာတွေကို ဂရုတစိုက် ရွေးချယ်ပြီး ရောင်းချပေးနေတာပါ။
Burma Shop ကနေ ရောင်းချပေးနေတဲ့ မြန်မာ့ထုတ်ကုန်တိုင်းရဲ့ လတ်ဆတ်မှုနဲ့ စစ်မှန်မှုကို အထူးအာမခံပါတယ်။
Burma Shop က ပစ္စည်းတွေကို လေယဉ်နဲ့ မြန်မာပြည်ကနေ တိုက်ရိုက်တင်သွင်းနေလို့ ပစ္စည်းတွေက အမြဲလတ်ဆတ်နေပါတယ်။
Burma Shop ဟာ မြန်မာနိုင်ငံမှာ လူကြိုက်များပြီးသား ပစ္စည်းတွေကို ဂရုတစိုက်မှာယူပြီး ပြန်လည်တင်သွင်းရောင်းချပေးနေတာကြောင့် အရည်အသွေးပိုင်းကို လုံးဝ စိတ်ပူစရာ မလိုပါဘူး။
- မိသားစုနဲ့ အိမ်ကိုတမ်းတနေတဲ့ ပြည်ပရောက် မြန်မာတွေအတွက်ပဲ ဖြစ်စေ၊
- ဒါမှမဟုတ် အရသာအသစ်ကို စမ်းသပ်ချင်တဲ့ နိုင်ငံတကာက အစားအသောက်ချစ်သူတွေအတွက်ပဲဖြစ်စေ
Burma Shop က အရသာအရှိဆုံး မြန်မာ့ရိုးရာ အစားအသောက်တွေကို သင့်အိမ်တံခါးဝအထိ လျင်မြန်စွာ အရောက်ပို့ဆောင်ပေးနေပါတယ်။
Our Values
FAQs
Burma Shop ဆိုတာ ဘာလဲ။
Burma Shop ဆိုတာ ပြည်ပရောက်မြန်မာတွေ မြန်မာ့ရိုးရာအစားအစာ၊ အသုံးအဆောင်၊ အဝတ်အထည်နဲ့ဆေးဝါးတွေကို အလွယ်တကူ ဝယ်သူသုံးဆွဲလို့ရအောင်ရည်ရွယ်ပြီး ရောင်းချပေးနေတဲ့ Online Shop/E-commerce လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
Burma Shop ကဘယ်မှာရှိတာလဲ။
Burma Shop က ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာရှိတာပါ။ ရန်ကုန်မှာလည်း ရုံးခွဲရှိပါတယ်။
Burma Shop မှာ ဘယ်လိုပစ္စည်းတွေကို ရောင်းတာလဲ။
Burma Shop မှာ အရည်အသွေးပြည့်မီတဲ့ မြန်မာပြည်တွင်းထုတ်ကုန်၊ အဝတ်အထည်နဲ့ဆေးဝါးတွေအပြင် သန့်ရှင်းလတ်ဆတ်တဲ့ မြန်မာအစားအစာတွေကို စျေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေပါတယ်။
Burma Shop ကနေ ပစ္စည်းတွေမှာချင်ရင် ဘယ်လိုမှာရမလဲ။
ဝယ်ယူသူများ အဆင်ပြေစေဖို့
- Burma Shop ရဲ့ ဝဘ်ဆိုဒ် https://burmashop.co ကတစ်ဆင့် မှာယူနိုင်သလို
- တယ်လီဖုန်း +1 236-501-8815 နဲ့ ဖြစ်ဖြစ်
Burma Shop ရဲ့ Facebook Messenger https://m.me/burmashop.coကနေဖြစ်ဖြစ် ဆက်သွယ်မှာယူနိုင်ပါတယ်။
ပစ္စည်းမှာပြီးရင်ရော အိမ်အရောက် ပို့ပေးလား။
Burma Shop မှာ order တင်ပြီးတာနဲ့ ဝယ်ယူသူတွေဆီ အမြန်ဆုံးရောက်အောင် ပို့ဆောင်ပေးပါတယ်။ အိမ်အရောက် ပို့ပေးတာပါ။
- ဗန်ကူးဗားမြို့တွင်းဆို လူကိုယ်တိုင်၊
- British Columbia တခြားမြို့တွေနဲ့ ကနေဒါတစ်နိုင်ငံလုံးကိုတော့ စာတိုက်ကနေ အမြန်ချောနဲ့ ပို့ဆောင်ပေးပါတယ်။
ဘယ်လို ငွေချေလို့ရမလဲ။
- American Express (AMEX)၊ Apple Pay၊ Bancontact၊ Diners Club၊ Discover၊ Google Pay၊ iDeal၊ Mastercard, PayPal, Shop Pay, Visa စတဲ့ ငွေပေးချေမှုနည်းလမ်းမျိုးစုံနဲ့ အလွယ်တကူ ငွေပေးချေနိုင်ပါတယ်။
- Interac e-Transfer နဲ့လည်း ငွေပေးချေနိုင်ပါတယ်။
လုံခြုံစိတ်ချရတဲ့ ငွေပေးချေမှုစနစ်တွေကို အသုံးပြုထားတာဖြစ်လို့ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်။
Burma Shop ရဲ့ အာမခံချက်တွေက ဘာလဲ?
- Burma Shop မှာ အရည်အသွေးပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်တဲ့ မြန်မာ့ထုတ်ကုန်ပစ္စည်းတွေကိုပဲ ရောင်းချပေးပါတယ်။ (Quality Products)
- တခြားဆိုင်တွေထက် ပိုသက်သာတဲ့ နှုန်းထားတွေနဲ့ ရောင်းချပေးပါတယ်။ (Lower Prices)
- ဝယ်ယူသူတွေအနေနဲ့ ပစ္စည်းတွေမှာပြီး ရက်အကြာကြီး စောင့်စရာမလိုဘဲ၊ အမြန်ဆုံး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါတယ်။ (Fast Delivery)
- ဝယ်ယူသူတွေအနေနဲ့ ကိုယ်လိုချင်တဲ့ပစ္စည်းတွေကို ဆိုင်သွားစရာမလိုဘဲ အင်တာနက်ပေါ်ကနေပဲ အလွယ်တကူ မှာယူလို့ရအောင် စီစဉ်ပေးထားပါတယ်။ (Shop from Home)
- ဝယ်ယူသူတွေ စိတ်ကျေနပ်မှုရရှိပြီး စိတ်တိုင်းကျနိုင်ဖို့အတွက် အကောင်းဆုံးဝန်ဆောင်မှုတွေကို ပေးနေပါတယ်။ (Excellence Customer Support)