မြန်မာရိုးရာအစားအစာ (Myanmar Traditional Food): အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ မုန့်လုံးရေပေါ် လုပ်နည်း။

မြန်မာရိုးရာအစားအစာ (Myanmar Traditional Food): အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ မုန့်လုံးရေပေါ် လုပ်နည်း။

မြန်မာရိုးရာအစားအစာ (Myanmar Traditional Food): အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ မုန့်လုံးရေပေါ် လုပ်နည်း။

မြန်မာတို့ရဲ့ ရိုးရာအစားအစာ (Myanmar Traditional Food) တွေက စုံလင်ပြီး အရသာရှိသလို ယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာတွေနဲ့လည်း ဆက်နွယ်နေပါတယ်။ ဒီနေ့မှာတော့ ဒီလို စုံလင်ပြီး အရသာရှိတဲ့ မြန်မာရိုးရာအစားအစာတွေထဲကမှ မြန်မာတို့ရဲ့ နှစ်ကူးသင်္ကြန်နဲ့အတူ အမြဲတွေ့ရတတ်တဲ့ ချိုချို အိအိနဲ့ စားလို့ကောင်းတဲ့ မုန့်လုံးရေပေါ် (Mont Lone Yay Paw) လုပ်နည်းလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

မုန့်လုံးရေပေါ် (Mont Lone Yay Paw) ဆိုတာ ဘာလဲ။

မုန့်လုံးရေပေါ်ဆိုတာ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံးနဲ့ ပျော်ရွှင်ရဆုံး သင်္ကြန်ပွဲတော်နဲ့အတူ မြင်တွေ့ရတဲ့ မြန်မာ့ရိုးရာ သရေစာ မုန့်တစ်ခုဖြစ်ပါတယ်။ တန်ခူးလ၊ သင်္ကြန်ရောက်တိုင်း ရပ်ကွက်အလိုက်၊ မိသားစုအလိုက်၊ သူငယ်ချင်းတွေအလိုက်  မုန့်လုံးရေပေါ်လုပ်ပြီး အလှူအတန်း ပြုလုပ်လေ့ရှိပါတယ်။ 

ဒါကြောင့် မုန့်လုံးရေပေါ်က စည်းလုံးခြင်း၊ ပျော်ရွှင်ခြင်း၊ ကံကောင်းခြင်းတို့ရဲ့သင်္ကေတ တစ်ခုလည်းဖြစ်ပါတယ်။

မုန့်လုံးရေပေါ်ကို အိမ်မှာ ဘယ်လိုအလွယ်တကူ လုပ်မလဲ။

မြန်မာရိုးရာအစားအစာ (Myanmar Traditional Food) တွေထဲမှာ မုန့်လုံးရေပေါ်က လုပ်ရလွယ်ပြီး အရသာရှိတဲ့ သရေစာ တစ်ခုဖြစ်ပါတယ်။ အချိန်မကုန် လက်မဝင်ဘဲ အရသာရှိတဲ့ ရိုးရာသရေစာလေးဖြစ်လို့ အောက်က နည်းလမ်းလေးအတိုင်း အိမ်မှာ အလွယ်တကူ လုပ်စားကြည့်လို့ရတယ်နော်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှု့န် (၁ ဗူး/ နို့ဆီခွက် တစ်ဘူးခန့်)
  • ဆန်မှုန့် (၁/၄ ဗူး)
  • ဆား (အနည်းငယ်)
  • ထန်းလျက် ( ၁၀လုံးခန့်)
  • အုန်းသီခြစ် (ကြိုက်နှစ်သက်သလောက် ထည့်ပါ)

ပြုလုပ်နည်းအဆင့်ဆင့်

  • ဇလုံတစ်ခုထဲကို ကောက်ညှင်းမှုန့်၊ ဆန်ကြမ်းမှုန့်နဲ့ ဆားအနည်းငယ်ထည့်ပါ။ ကောက်ညှင်းမှု့န်ချည်းဆို အရမ်းစေးကပ်တဲ့အတွက် ဆန်ကြမ်းမှုန့် နည်းနည်း ရောပေးဖို့ လိုအပ်ပါတယ်။
  • ရေခပ်နွေးနွေးကို ဇလုံထဲ နည်းနည်းစီထည့်ပြီး ကောက်ညှင်းမှုန့်၊ ဆန်ကြမ်းမှုန့်၊ ဆား တို့ကို ဖြည်းဖြည်းချင်း နှံ့အောင် ရောနယ်ပေးပါ။
  • မုန့်သား အနေအထား မပျော့ မမာ စေးစေး ထွေးထွေးဖြစ်တဲ့အထိ နယ်ပေးပါ။ ပြီးရင် (၁၅)မိနစ်ခန့် နှပ်ထားပါ။
  • ရေနွေးဆူဆူတည်ပြီး ထန်းလျက်ကို လိုသလို အတုံးလေးတွေ တုံးပါ။
  • တုံးထားတဲ့ ထန်းလျက်ခဲလေးတွေကို မုန့်သားထဲ သွပ်ပြီး အရွယ်အစားနှစ်သက်သလို လုံးပါ။
  • ရေနွေး ပွက်ပွက်ဆူရင်တော့ လုံးထားတဲ့ မုန့်လုံးတွေကို ထည့်ပါ။ မုန့်လုံးတွေ ရေပေါ် ပေါ်လာရင်တော့ (၁)မိနစ်ခန့်ထားပြီး ဆယ်ပါ။
  • ဆယ်ပြီးသား မုန့်လုံးတွေကို ရေအေးထည့်ထားတဲ့ ဇလုံထဲမှာ (၁)မိနစ်လောက် ထပ်စိမ်ပေးပါ။
  • ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး အုန်းခြစ်လေးတွေနဲ့ အရသာရှိရှိ သုံးဆောင်လို့ရပါပြီ။

အကြံပြုချက်များ

  • အရသာအပြည့်အဝရစေဖို့ သန့်ရှင်းလတ်ဆတ်တဲ့ ပစ္စည်းတွေကိုသာသုံးပါ။
  • မုန့်လုံးတွေ အရမ်းပျော့အိ မသွားအောင် အချိန်ကြာကြာ မပြုတ်မိဖို့လိုပါတယ်။

ကဲဒါဆို မုန့်လုံးရေပေါ်လုပ်နည်းလေးကို သိပြီဆိုတော့ အိမ်မှာ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် လုပ်စားလိုက်နော်။

မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း ဒီမုန့်လုပ်နည်းလေးကို မျှဝေပေးလို့ရပါတယ်။ နောက်ထပ် အရသာရှိတဲ့ မြန်မာဟင်းချက်နည်းလေးတွေကိုလည်း ပြောပြပေးသွားမို့ စောင့်မျှော်အားပေးဖို့ မမေ့ပါနဲ့နော်။

Back to blog