
မြန်မာမုန့်ဟင်းခါး (Mohinga) အကြောင်းနှင့် ကောင်းကျိုးများ
Share
မုန့်ဟင်းခါး (Mohinga)
မြန်မာ့ရိုးရာအစားအစာ တစ်ခုဖြစ်တဲ့ မုန့်ဟင်းခါး (Mohinga) ဆိုတာ ရိုးရာအစားအစာတွေထဲမှာ နာမည်အကြီးဆုံး အစားအစာတစ်ခုပါ။ မြန်မာတို့ရဲ့ ယဉ်ကျေးမှုသင်္ကေတတစ်ခုဖြစ်တဲ့ မုန့်ဟင်းခါး (Mohinga) ကို National Dish တစ်ခုအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။
မုန့်ဟင်းခါးကို ဆန်ခေါက်ဆွဲဖတ် (မုန့်ဖတ်)၊ ငါးတို့နဲ့ အဓိကချက်ပြုတ်ပြီး အခြားသော အဆာပလာတွေနဲ့ တွဲဖက်စားကြပါတယ်။ မနက်စာအနေနဲ့ အဓိက စားသုံးကြပြီး.. အဆာပြေ၊ ညနေစာအနေနဲ့လည်း စားလေ့ရှိပါတယ်။
ဒီ Blog လေးမှာတော့ Burma Shop ကနေ သန်းနဲ့ချီပြီး လူကြိုက်များလှတဲ့ မုန့်ဟင်းခါးရဲ့ သမိုင်းကြောင်း၊ ပါဝင်ပစ္စည်းတွေနဲ့၊ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
မုန့်ဟင်းခါး (Mohinga) သမိုင်းကြောင်း
မုန့်ဟင်းခါးနဲ့ ပတ်သက်လို့ ရှေ့ခေတ် မြန်မာသမိုင်းတစ်လျှောက်မှာ ကျောက်စာ၊ ပေစာတွေနဲ့ မှတ်တမ်းတင်ထားတာ မရှိဘူးလို့ ဆိုကြပါတယ်။ ဒါကြောင့် မုန့်ဟင်းခါးရဲ့ ပေါ်ပေါက်ရာ ခေတ်ကာလ မူလဇာတိကို သိနိုင်ဖို့ ခက်ခဲပါတယ်။
အစောဆုံး အထောက်အထားတစ်ခုအနေနဲ့ တွေ့ရှိခဲ့ရတာဟာ ကုန်းဘောင်ခေတ် စာဆို ဦးပုညရဲ့ လင်္ကာများထဲမှဖြစ်ပြီး "မုန့်ဟင်း" လို့ သုံးခဲ့ပါတယ်။ အချို့ဒေသတွေမှာ မုန့်ဟင်းခါးကို မုန့်ဟင်းလို့ ခေါ်ကြတာကြောင့် ကုန်းဘောင်ခေတ်မှာ မုန့်ဟင်းခါ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။
အဓိက ပါဝင်ပစ္စည်းများ
မုန့်ဟင်းခါး ချက်ပြုတ်တဲ့အခါ အရပ်ဒေသပေါ် မူတည်ပြီး ကွဲပြားကြပါတယ်။ အခုဖော်ပြပေးမယ့် ပါဝင်ပစ္စည်းတွေကတော့ အဓိက ပါဝင်ပစ္စည်းတွေဖြစ်ပါတယ်။
- မုန့်ဖတ်
- ငါး (ငါးကြင်း၊ ငါးခူနဲ့ အခြား ငါးတွေသုံးကြပါတယ်)
- ကြက်သား (တစ်ချို့သော အရပ်ဒေသတွေမှာ ငါးအစား ကြက်သားနဲ့ ချက်ပြုတ်ပါတယ်)
- ငံပြာရည်
- ဆီ
- နနွင်းမှုန့်
- ငှက်ပြောအူ
- ကြက်သွန်အနီ
- ကြက်သွန်ဖြူ
- ဂျင်း
- စပါးလင်
တွဲဖက်စားသော အစားအစာများ
- ဘဲဥ
- ပဲသွေး
- အကြော်စုံ (ပဲကြော်၊ ဘူးသီးကြော်၊ ကြက်သွန်ကြော်၊ မန္တလေးပဲကြော်၊ ငါးဖယ်ကြော်)
- သံပုရာသီး
- ပူစီနံ
- နံနံပင်
- ပဲသီး
- ပဲပင်ပေါက်
- ငရုတ်သီးအလှော်မှုန့်
- အီကြာကွေး
ဒေသအလိုက် မုန့်ဟင်းခါးများ
မုန့်ဟင်းခါးကို ဒေသအလိုက် ပြင်ဆင်ချက်ပြုတ်ပုံချင်း မတူကြသလို ပါဝင်ပစ္စည်းတွေ ကွဲပြားတာကြောင့် အရသာမှာလည်း ကွာခြားမှုတွေရှိပါတယ်။ ဒီထဲမှာတော့ ရန်ကုန်မုန့်ဟင်းခါးက လူကြိုက်အများဆုံးနဲ့ အကျော်ကြားဆုံးဖြစ်ပါတယ်။ ဒေသအလိုက် မုန့်ဟင်းခါးတွေကတော့…
- ရန်ကုန်မုန့်ဟင်းခါး
- မန္တလေးမုန့်ဟင်းခါး
- ပုသိမ်မုန့်ဟင်းခါး
- ဘိုကလေး မုန့်ဟင်းခါး
- ဟင်္သတမုန့်ဟင်းခါး
- ဖျာပုံမုန့်ဟင်းခါး
- အင်းလေးမုန့်ဟင်းခါး
- တောင်ငူမုန့်ဟင်းခါး
- ကရင်မုန့်ဟင်းခါး
- ထားဝယ်မုန့်ဟင်းခါး
- ရခိုင်မုန့်ဟင်းခါး
- ဝါးခယ်မမုန့်ဟင်းခါး
- တောင်တွင်းကြီးမုန့်ဟင်းခါး
ကျန်းမာရေး အကျိုးကျေးဇူးများ
ပြင်ဆင် ချက်ပြုတ်ရ လွယ်ကူပြီး အာဟာရဓာတ် များစွာပါဝင်တဲ့ မြန့်မားရိုးရာ အစားအစာတွေထဲမှာ မုန့်ဟင်းခါးက တစ်ခုအပါအဝင် ဖြစ်ပါတယ်။
- မုန့်ဟင်းခါးမှာ ငါးကို အဓိကထား ချက်ပြုတ်တဲ့အတွက် ပရိုတိန်းဓာတ် မြင့်မားစွာ ပါဝင်ပါတယ်။
- Omega-3 Fatty Acids များစွာပါဝင်တဲ့အတွက် နှလုံးကျန်းမားရေးကို အထောက်အကူဖြစ်စေတယ်။
- နနွင်း၊ ကြက်သွန်ဖြူတို့လို အင်တီအောက်ဆီးဒင့် (Antioxidants) ဓာတ်ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတယ်။
- ဒါ့အပြင် ဂျင်းနဲ့ သံပုရာရည်ကလည်း အစာခြေဖျက်မှုစနစ်ကို အားကောင်းစေပါတယ်။
မုန့်ဟင်းခါးက လူမျိုးမရွေး၊ ဘာသာမရွေး ကြိုက်နှစ်သက်ကြတဲ့ အစားအစာတစ်ခုပါ။ အချိန်မရွေး၊ နေရာမရွေး၊ ဒေသမရွေး ရရှိနိုင်ပြီးတော့ လမ်းဘေး ဆိုင်ခန်း၊ လက်တွန်းလှည်း ဈေးဆိုင်များကနေ ဆိုင်ကြီး၊ ကနားကြီးတွေအထိ ရောင်းချလေ့ရှိတဲ့ ရိုးရာအစားအစာ တစ်ခုဖြစ်ပါတယ်။
အလှူ၊ မင်္ဂလာပွဲများကနေ နာရေးအထိ နေ့စဉ်ဘဝမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ မြန်မာမုန့်ဟင်းခါးက အခုဆိုရင် နိုင်ငံခြားသားများပါ သဘောကျနှစ်သက်စွာ စားသုံးလာကြပါပြီ။
အဲဒါအပြင် နိုင်ငံခြားကို တင်ပို့နိုင်ဖို့နဲ့ အိမ်မှာအလွယ်တကူ ချက်ပြုတ်စားဖို့ မုန့်ဟင်းခါးခြောက်ထုပ်တွေကို ဝယ်ယူလို့ရနေပါပြီ။
ဒါကြောင့် အခါအခွင့်သင့်တဲ့အခါ မြန်မာတို့ရဲ့ အသည်းစွဲ ရိုးရာအစားအစာတစ်ခုဖြစ်တဲ့ မုန့်ဟင်းခါးကို စားဖြစ်အောင် စားဖို့ အကြံပေးလိုက်ပါတယ်နော်။