လက်ဖက် (Laphet) မှိုမတက်အောင် ဘယ်လို နှပ်မလဲ။

လက်ဖက် (Laphet) မှိုမတက်အောင် ဘယ်လို နှပ်မလဲ။

မှိုမတက်အောင် လက်ဖက် (Laphet) ဘယ်လို နှပ်မလဲ။

လက်ဖက် (Laphet) ဒါမှမဟုတ် လက်ဖက်သုပ် (Laphet Thoke) ဆိုတာက မြန်မာ့ ရိုးရာယဉ်ကျေးမှုတွေထဲက အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ လက်ဖက်ကို နေရာဒေသအလိုက် မတူညီတဲ့ ပုံစံမျိုးစုံနဲ့ စားကြသလို အိမ်တိုင်းလိုလိုမှာလည်း လက်ဖက်ကို ကိုယ်တိုင်နှပ်ထားပြီး စားကြပါတယ်။

ဒါပေမဲ့ အိမ်မှာ လက်ဖက်နှပ်တဲ့အခါ အများစုကြုံရတဲ့ ပြဿနာက လက်ဖက်မှိုတက်တဲ့ ပြဿနာပါ။ မှိုတက်နေတဲ့ လက်ဖက်ကို စားမိတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် အိမ်မှာ ဘယ်အချိန်ပဲစားစား လတ်ဆတ်ပြီး အရသာရှိတဲ့ လက်ဖက်သုပ်တစ်ပွဲဖြစ်အောင် လက်ဖက်ကို မှိုမတက်တဲ့ နှပ်နည်းလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဘာကြောင့် လက်ဖက်မှိုတက်ခြင်းကို ကာကွယ်ဖို့ လိုအပ်တာလဲ။

မှိုတက်နေတဲ့ လက်ဖက်ရွက်ကို စားသုံးခြင်းက ခန္ဓာကိုယ်အတွက် အစာခြေပြဿနာများ၊ ဓာတ်မတည့်မှုများ အပါအဝင် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒါအပြင် မှိုက လက်ဖက်ရွက် အရသာနဲ့ အရောင်အသွေးကို ပြောင်းလဲစေနိုင်တာကြောင့် သန့်ရှင်းလတ်ဆတ်မှုကို ထိခိုက်စေပါတယ်။

ဒါကြောင့် သန့်ရှင်းလတ်ဆက်ပြီး တာရှည်အထားခံတဲ့ လက်ဖက်နှပ်နည်းကို အိမ်မှာနေရင်း အလွယ်တကူလုပ်စားနိုင်ဖို့ အောက်ကနည်းလမ်းလေးတွေကို ဆက်လေ့လာလိုက်ရအောင်….

အဆင့် (၁) လတ်ဆတ်ပြီး အရည်အသွေးကောင်းတဲ့ လက်ဖက်ရွက်ကို ရွေးပါ။

တာရှည်အထားခံပြီး လက်ဖက်မှိုမတက်စေဖို့အတွက် လတ်ဆတ်တဲ့ လက်ဖက်ရွက်ကို အသုံးပြုဖို့လိုပါတယ်။ ပိုးသတ်ဆေး၊ ဓာတုပစ္စည်းများနဲ့ ထိတွေ့မှုအနည်းဆုံးဖြစ်တဲ့ အော်ဂဲနစ်လက်ဖက်ရွက်ကိုသာ သုံးပါ။

အဆင့် (၂) သန့်စင်အောင် သေချာစွာဆေးကြောပါ။

လက်ဖက်မှိုမတက်စေရေးအတွက် အဓိက အရေးပါတဲ့အချက်ဖြစ်လို့ လက်ဖက်ကို သေချာ သန့်စင် ပေးဖို့လိုပါတယ်။ 

  • ပထဦးဆုံး ရောဂါပိုးမွှားတွေ ကင်းစင်စေဖို့ ရေနွေးပူပူထဲမှာ လက်ဖက်ရွက်တွေကို ၁၀ စက္ကန့်မှ ၁၅ စက္ကန့်ခန့် စိမ်ထားပါ။
  • ထိုနည်းအတိုင်း (၃) ကြိမ်ခန့်‌ ဆေးကြောပါ။
  • ပြီးရင်တော့ လက်ဖက်ကို ရေစင်အောင် ညှစ်ပြီး (၅)မိနစ်ခန့် အခြောက်ခံပါ။

အဆင့် (၃) သန့်ရှင်းသော ဘူး၊ ခွက်များကိုသာ အသုံးပြုပါ။

လက်ဖက်ကို သန့်စင်ပြီး ပဲဆီ၊ အရသာမှုန့်၊ ဆား၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ပုဇွန်ခြောက်တို့နဲ့ လိုသလို အရသာနှပ်ပါ.... ပြီးရင်တော့ သန့်စင်ပြီး ခြောက်သွေ့နေတဲ့ ဘူး ဒါမှမဟုတ် အဖုံးပါတဲ့ ပုလင်းထဲကို ထည့်ပါ။

ဘူး (သို့) ပုလင်းထဲ ထည့်တဲ့အခါ မှိုမတက်အောင် လက်ဖက်ကို သေချာဖိထည့်ပါ။

အဆင့် (၄) အေးမြပြီး ခြောက်သွေ့သောနေရာတွင် သိမ်းပါ။

နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့အခါ အပူချိန်အတက်အကျဖြစ်စေပြီး မှိုတက်စေတာကြောင့် နှပ်ပြီးသား လက်ဖက်ကို ခြောက်သွေ့ပြီး အေးတဲ့နေရာမှာပဲ သိမ်းသင့်ပါတယ်။

အဖြစ်များသော အမှားများ

ကြာရှည်ထားခြင်း - သန့်ရှင်းလတ်ဆတ်မှုနဲ့ အရသာကောင်းမွန်စေဖို့ ၁လ (သို့) ၂လ အတွင်း စားပါ။

ညစ်ပေသောပစ္စည်းကို အသုံးပြုခြင်း - ကြာရှည်ထိန်းသိမ်းထားနိုင်ဖို့အတွက် အခြေခံသုံးပစ္စည်းတွေကို အမြဲသန့်စင်ပေးပါ။

ဆားမပါခြင်း - လက်ဖက်ရွက်ကို ထိန်းသိမ်းစေဖို့နဲ့ မှိုမတက်စေဖို့ ဆား မရှိမဖြစ်လိုအပ်ပါတယ်။

ဖိသိပ်ခြင်း - လက်ဖက်ကို ဘူးထဲထည့်တဲ့အခါ တင်းတင်းကျပ်ကျပ် ဖိသိပ်တာမဖြစ်စေဖို့ လိုအပ်ပါတယ်။

လက်ဖက်၏ အကျိုးကျေးဇူးများ

လက်ဖက်အစိုကို စားသုံးချင်းက ကျန်းမာရေးကို များစွာအထောက်အကူ ပြုနိုင်ပါတယ်...

(၁) Probiotics ကြွယ်ဝခြင်းကြောင့် အစာချေဖျက်ခြင်းနှင့် အစာအိမ်ကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။

(၂) Antioxidants မြင့်မားစွာပါဝင်ခြင်းကြောင့် အူလမ်းကြောင်း လှုပ်ရှားမှုကိုကောင်းစေတယ်။

(၃) ကယ်လိုရီနည်းတဲ့အတွက် ကျန်းမာရေးနှင့်ညီညွတ်စေတယ်။

(၄) ကဖိန်းဓာတ်ပါဝင်တာကြောင့် လန်းဆန်းတက်ကြွစေပါတယ်။

အပေါ်က လမ်းညွှန်ချက်လေးတွေက အသုံးဝင်တယ်ဆိုရင်တော့ သူငယ်ချင်းတွေနဲ့ မိသားစုတွေကို မျှဝေဖို့ မမေ့ပါနဲ့နော်။ အခြားသော လက်ဖက်နဲ့ ပတ်သက်တဲ့ ဗဟုသုတွေကိုလည်း အောက်မှာ မျှဝေ ပေးခဲ့လို့ရပါတယ်။ 

Back to blog